သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT COOP MART ဖွင့်ပွဲကျင်းပ

  • Wed, 14 December 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT COOP MART ဖွင့်ပွဲကျင်းပ


သန်လျင်၊ ဒီဇင်ဘာ ၁၄

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တွင် တက္ကသိုလ်ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်မှ တက္ကသိုလ် Canteen တွင် UCMT COOP MART ဆိုင်ခန်းဖွင့်ပွဲကို ၁၄-၁၂-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကျင်းပရာ အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ တက်ရောက်အားပေးခဲ့ကြသည်။ ယနေ့ဖွင့်ပွဲနေ့တွင် စာရေးကိရိယာနှင့် လူသုံးကုန်ပစ္စည်း (၃၈)မျိုး အား ပြင်ပပေါက်ဈေးထက် မများသောနှုန်းထားဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်း မိသားစုများအား ရောင်းချပေးလျက်ရှိပြီး (၅၀၀၀)ကျပ်နှင့်အထက် ဝယ်ယူအားပေးသူများအား ကံစမ်းမဲဖောက်ပေးလျက်ရှိပါသည်။ ဆက်လက်၍ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်း၊ စားသောက်ကုန်ပစ္စည်းများနှင့် ယူနီဖောင်းများကို ထပ်မံဖြည့်တင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။





ဆက်စပ် သတင်းများ