သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကျင်းပ

  • Thu, 9 February 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲကျင်းပ


သန်လျင်၊ ဖေဖော်ဝါရီ ၉

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား ဖူဆယ် ဘောလုံး အားကစားပြိုင်ပွဲကို ၆-၂-၂၀၂၃ ရက်နေ့မှ ၉-၂-၂၀၂၃ ရက်နေ့အထိ တက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဖူဆယ်ဘောလုံး အားကစား ပြိုင်ပွဲသို့ အမျိုးသားဖူဆယ်ဘောလုံးအသင်း (၁၁)သင်းနှင့် အမျိုးသမီးဖူဆယ်ဘောလုံးအသင်း (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ၆-၂-၂၀၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ ပြိုင်ပွဲဝင် ဖူဆယ်ဘောလုံး အားကစားအသင်းများအား အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။


၎င်းနောက် ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲများ ဆက်လက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၉-၂-၂၀၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ်က အမှာစကားပြောကြားပြီး တတိယဆုရရှိသည့် Guardian of Dream (GOD) FC အမျိုးသား ဖူဆယ်ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ဒုတိယပါမောက္ခချုပ်(သင်ကြား)က လည်းကောင်း၊ ဒုတိယဆုရရှိသည့် Eagle FC အမျိုးသား ဖူဆယ်ဘောလုံးအသင်းနှင့် Good Girls FC အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ဒုတိယ ပါမောက္ခချုပ်(စီမံ)ကလည်းကောင်း၊ ပထမဆုရရှိသည့် Black Dragon FC အမျိုးသား ဖူဆယ် ဘောလုံးအသင်းနှင့် Limitless FC အမျိုးသမီး ဖူဆယ်ဘောလုံးအသင်းများအား ဂုဏ်ပြုဆုဖလား၊ ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ပါမောက္ခချုပ်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


ဆက်စပ် သတင်းများ