သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ
- Mon, 13 February 2023
သန်လျင်၊ ဖေဖော်ဝါရီ ၁၃
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အာမခံအကြောင်း သိကောင်း စရာ ဟောပြောပွဲအခမ်းအနားကို ၁၃-၂-၂၀၂၃ ရက်နေ့ ၁၀ နာရီအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။ ယင်းနောက် Visionary Consultancy Service ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်ခင်မိုးဆမ်းက နှုတ်ဆက်စကား ပြောကြားပြီး Deputy Branch Manager ဒေါ်တင်နုရည်က အာမခံအကြောင်း သိကောင်းစရာများနှင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက် လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဒေါ်တင်နုရည်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။
အဆိုပါဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။