သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော် မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

  • Fri, 10 February 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော် မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ


သန်လျင်၊ ဖေဖော်ဝါရီ ၁၀

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းဝင်းအတွင်း တည်ထား ကိုးကွယ်လျက်ရှိသော  သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး၏ (၂၁)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တက္ကသိုလ်ဓမ္မာရုံတွင် သံဃာတော်အရှင်သူမြတ် (၂၄)ပါးအား ပင့်ဖိတ်၍ ၈-၂-၂၀၂၃ ရက်နေ့မှ ၁၀-၂-၂၀၂၃ ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့သည်။


၈-၂-၂၀၂၃ ရက်နေ့တွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ ဖွင့်လှစ်ခဲ့ပြီး ၁၀-၂-၂၀၂၃ ရက်နေ့၊ နံနက် ၅ နာရီအချိန်တွင် ဘုရား အနေကဇာတင်နှင့် ပဋ္ဌာန်းအောင်ပွဲအခမ်းအနား ကျင်းပရာ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဆောင်၍ သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့အား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ် (၂၄)ပါးတို့အား ဒုတိယပါမောက္ခချုပ် များနှင့်အတူ သင်ကြား၊ စီမံဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။ 



ဆက်စပ် သတင်းများ