သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

  • Wed, 15 February 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ


သန်လျင်၊ ဖေဖော်ဝါရီ ၁၅

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် အာမခံအကြောင်း သိကောင်း စရာ ဟောပြောပွဲအခမ်းအနားကို ၁၅-၂-၂၀၂၃ ရက်နေ့ ၁၀ နာရီအချိန်တွင် ဘက်စုံသုံးခန်းမ    (MH-210) ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ 


ယင်းနောက် Visionary Consultancy Service ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ခင်မိုးဆမ်းက နှုတ်ဆက်စကား ပြောကြားပြီး Deputy Branch Manager ဒေါ်တင်နုရည်က အာမခံအကြောင်း သိကောင်းစရာများနှင့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းရာ ဒေါ်တင်နုရည်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။ အဆိုပါ ဟောပြောပွဲသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူး များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 


ဆက်စပ် သတင်းများ