သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း (Capacity Building and Training of Trainers on Pedagogy) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

  • Mon, 29 May 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း (Capacity Building and Training of Trainers on Pedagogy) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


သန်လျင်၊ မေ ၂၉ ရက်

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ဆရာ၊ ဆရာမများ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း (Capacity Building and Training of Trainers on Pedagogy) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ (၂၉) ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို နံနက် (၈:၃၀) တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖြစ်မြောက်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သင်တန်းသည် ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)တို့ ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပြီးနောက် (၆) ကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းဆောင်ရည် ပြည့်ဝစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် သင်တန်း ဖြစ်ကြောင်း နှင့် သင်ကြားရေး ဆရာ၊ ဆရာမများ အနေဖြင့် ဆရာ့ကျင့်ဝတ် (၅) ရပ် ကိုလိုက်နာကျင့်သုံးပြီး ဗလငါးတန်ပြည့်ဝစေရန် ဖြည့်ဆည်းရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ၊ ဆရာမများ နှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။


အဆိုပါသင်တန်းကို (၂၉-၅-၂၀၂၃)ရက်နေ့မှ (၂-၆-၂၀၂၃)ရက်နေ့အထိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ဆရာ၊ ဆရာမ (၃၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း နှင့် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များက ဝန်ထမ်း ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ရုံးစာ ရေးသားနည်းနှင့် မြန်မာစာ၊ မြန်မာစကား၊ အမျိုးသားပညာရေးဥပဒေနှင့် တက္ကသိုလ်ပဋိဉာဉ် အကြောင်းသိကောင်းစရာများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) အတွေ့အကြုံများ၊ Applications of IT in Teaching and Learning၊ Motivation in Teaching and Learning၊ Social Responsibility for Teachers၊ LMS in Education၊ Upskilling the Proficiency of English Language for Teachers၊ How to write Curriculum၊ Importance of Personality in Teaching Profession စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပို့ချမည်ဖြစ်ပြီး၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး) များက ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု၊ ပညာရေးစိတ်ပညာ၊ သင်ရိုး ညွှန်းတမ်းနှင့် သင်ပြနည်းပညာရပ်များကို ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။ 



ဆက်စပ် သတင်းများ