သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊(၂/၂၀၂၃)ကြိမ်မြောက် မိသားစုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း

  • Thu, 5 October 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊(၂/၂၀၂၃)ကြိမ်မြောက် မိသားစုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်း


(၅-၁၀-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ (၂/၂၀၂၃) ကြိမ်မြောက် မိသားစု ဆန္ဒဖော်ထုတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ စုစုပေါင်း(၂၀၃)ဦး  တက်ရောက်ခဲ့ပါသည်။


အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကား ပြောကြား ရာတွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲများကို လစဉ်လတိုင်း၏ ပထမပတ်တွင် ပုံမှန်ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ အကျိုးသက်သက် မဟုတ်ဘဲ မိမိဌာနအကျိုးနှင့် အများကောင်းကျိုးအတွက် ကောင်းမွန်သော အကြံဉာဏ်များဖြင့် ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲတွင် မိမိအနေဖြင့် အချက်(၄)ချက် ဆွေးနွေး ပြောကြားလိုကြောင်း၊ ပထမအချက်မှာ ပြည်ထောင်စုဝန်ကြီးရုံး၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းဆွေးနွေးမှာဖြစ်ပြီး ဝန်ထမ်းအားလုံးလိုက်နာဆောင်ရွက်ကြရန် အသိပေးပြောကြားလိုကြောင်း၊ ဒုတိယအချက်အနေဖြင့် ဝန်ထမ်းအားလုံးအခြေခံ စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးရုံး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ “ဝန်ထမ်း သက်သာချောင်ချိရေးကြီးကြပ်မှု ကော်မတီ” ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြား မှာဖြစ်ကြောင်း၊ တတိယအချက်မှာ တက္ကသိုလ်ရှိ သင်ကြားရေး(၁၁)ဌာနမှ အဖြေလွှာများ စစ်ဆေးနေသည့် အခြေအနေတွင် စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှုဌာနများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးမှာကြားမှာဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် (၂၉-၉-၂၀၂၃)ရက်နေ့က တက္ကသိုလ်များ ဓမ္မာရုံတွင် မိမိတို့တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဥပုဒ်သီလခံယူပွဲနှင့် ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲ၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မော်ကွန်းထိန်းဆရာတော်ဟောကြားသည့် ငါးပါးသီလ စောင့်ထိန်းခြင်းဖြင့် အဖွဲ့အစည်းအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း တရားတော် ကို မျှဝေပြောကြားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  ဆက်လက်ပြီး ပါမောက္ခချုပ်မှ ပြည်ထောင်စု ဝန်ကြီးရုံး၏ လမ်းညွှန်မှာကြားချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်ရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွဲချော်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင်မှ ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ဝန်ထမ်းသက်သာချောင်ချိရေး အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီအနေဖြင့် စားအုန်းဆီ (၁၁၀)ပိဿာနှင့် ဟင်းသီးဟင်းရွက်ဆီ(၂၆၂)ပိဿာ၊ တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ဖြန့်ဖြူး ပေးခဲ့ကြောင်း၊ ပေါ်ဆန်းမွှေးဆန်(10)kg(၁၆၃)အိတ်နှင့် ဧည့်မထ(10)kg(၁၀၆)အိတ် တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ ပေါ်ဆန်းမွှေး(၃)ပြည်နှင့် ဟင်းသီးဟင်းရွက်ဆီ (၁)ပိဿာကို အောက်တိုဘာလအတွင်း အခမဲ့ ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ သင်ကြားရေးဌာနများမှ အဖြေလွှာစစ်ဆေးခြင်းနှင့် သုတေသနစာတမ်းပြုစုခြင်း၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ပြုပြင်မွမ်းမံခြင်းတို့ကို ဆောင်ရွက်နေချိန်တွင် စီမံခန့်ခွဲရေးဌာနများမှ တက္ကသိုလ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ချုံ၊မြက်၊ ပေါင်းပင်၊ နွယ်ပင်များ ရှင်းလင်းခြင်း၊ ပျက်စီးနေသော ပရိဘောဂများ ပြင်ဆင်ရန်နှင့် ပြင်/ ထိန်းလုပ်ငန်းများ ကျောင်းပိတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား လိုကြောင်း၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မော်ကွန်းထိန်းဆရာတော်ဟောကြားသည့် ငါးပါးသီလကို မြဲမြံစွာ စောင့်ထိန်းပါက မိသားစု၊ ဌာန၊ အဖွဲ့အစည်းမှသည် တိုင်းပြည်၊ နိုင်ငံတော်အထိ ဖွံ့ဖြိုးတိုးတက်အေးချမ်းသာယာနိုင်သဖြင့် ငါးပါးသီလကို ပါဠိနှင့်အနက် အဓိပ္ပါယ်သေချာစွာ နားလည်အောင် ရွတ်ဆို၍ စောင့်ထိန်းလိုက်နာကြပါရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိဂုံးချုပ် အနေဖြင့် မိမိတက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်သဖြင့် တွေးတောကြံဆ၍ အလေးထား ဆောင်ရွက်ကြပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။


တက်ရောက်လာသည့် သင်ကြား၊ စီမံ(၁၄)ဌာနနှင့် တက္ကသိုလ်အသင်းအဖွဲ့ တစ်ခုချင်းစီ အလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး ဝန်ထမ်းများမှ ဆန္ဒဖော်ထုတ် တင်ပြဆွေးနွေးကြပါသည်။ ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)မှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပါမောက္ခချုပ်မှ ဝန်ထမ်းဆန္ဒဖော်ထုတ် မှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကာ  ချက်ချင်းဆောင်ရွက်ရန် လိုအပ်သည်များကို ချက်ချင်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို နေ့လည်(၁၃:၀၀)နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။




ဆက်စပ် သတင်းများ