သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

  • Fri, 29 December 2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ



သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ကျင်းပ သည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းရေးရာဌာန၊ ဌာနမှူးမှ မောင်မယ်သစ်လွင်များအား တက္ကသိုလ်စည်းကမ်းနှင့် တက္ကသိုလ် ပညာသင်ယူနေစဉ် လိုက်နာမှတ်သားရမည့် အချက်များအား ရှင်းလင်းပြောကြားသည်။


ထို့နောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်း၊ စာကြည့်တိုက်မှ တာဝန်ရှိသူများ၊ စီမံ/ဘဏ္ဍာ၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ပထမနှစ်သင်ကြားသည့် ဆရာ၊ ဆရာမများနှင့် တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး တက္ကသိုလ်ဝင်ခွင့်ရ အမှတ်အများဆုံးရရှိသည့် ကျောင်းသူ (၁)ဦးနှင့် သင်တန်းနှစ် အသီးသီးမှ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူ (၉)ဦးအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်သစ်လွင် (Mister UCMT) နှင့် မယ်သစ်လွင် (Miss UCMT) များ ရွေးချယ်ပြီး စလွယ်၊ စတားနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


၎င်းနောက် ဖျော်ဖြေရေးအဖွဲ့များမှ အဆို၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ကြသည်။



ဆက်စပ် သတင်းများ