သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အထူးပြုဘာသာရပ်များ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

  • Wed, 17 January 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အထူးပြုဘာသာရပ်များ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ



သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြု၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု၊ အသုံးချစာရင်းအင်းပညာအထူးပြု၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုနှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ အထူးပြုဘာသာရပ်များ၏ ဒုတိယနှစ်သင်တန်း (ပထမနှစ်ဝက်)တွင် တက်ရောက် နေသော ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၁၅-၁-၂၀၂၄ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယနှစ် သင်တန်း (ပထမနှစ်ဝက်)၏ အထူးပြုဘာသာရပ်အသီးသီးသို့ တက်ရောက်ခွင့်ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများနှင့် ဘာသာရပ်တာဝန်ခံ များက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပါသည်။



အဆိုပါ အထူးပြုဘာသာရပ်အလိုက် ဒုတိယနှစ်သင်တန်းများတွင် တက်ရောက်ပညာသင်ကြား ခွင့်ရရှိခဲ့ကြသည့် မောင်မယ်သစ်လွင်များ အား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တ ဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ စီမံခန့်ခွဲရေးဌာနများမှ တာဝန်ရှိသူများ၊ ဒုတိယနှစ်သင်တန်း (ပထမနှစ်ဝက်) ဘာသာရပ်သင်ဆရာ၊ ဆရာမများနှင့် တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး အထူးပြု ဘာသာရပ်အလိုက် အမှတ်အများဆုံးဖြင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ Impromptu Talk ပြိုင်ပွဲနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အထူးပြုဘာသာရပ်(၅)ခုမှ မောင်သစ်လွင် (Fresher King)၊ မယ်သစ်လွင် (Fresher Queen) ရရှိသူများအား ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်(စီမံ)တို့မှ စလွယ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီး People Choice Award ရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများနှင့် ဘာသာရပ် တာဝန်ခံများမှ စလွယ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ 


အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ/သင်ကြား)များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ စီမံခန့်ခွဲရေးဌာနများမှ တာဝန်  ရှိသူများ၊ ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများတွင် သင်ကြားပို့ချကြသည့် ဘာသာရပ်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၀) ကျော် တက်ရောက်ခဲ့ပါသည်။


ဆက်စပ် သတင်းများ