ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

  • Wed, 14 February 2024

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း



(၁၄-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ ကြီးမှူးကျင်းပသော ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲကို ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနများမှ ဌာနမှူးများ၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူအားလုံးနှင့် ဒုတိယနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူအားလုံး စုစုပေါင်း (၅၀၀)ဦး  တက်ရောက်ခဲ့ပါသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲ၌ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံး မင်္ဂလာပါဟု နှုတ်ခွန်းဆက်သပြီး မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals-SDGs) ကို ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များအနေဖြင့် ကျင့်သုံးလိုက်နာ နေကြကြောင်း၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ၊ ရည်မှန်းချက်များကို လေ့လာသိရှိရန်လိုအပ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်တောင်ပိုင်း ခရိုင်ရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG) ပန်းတိုင် (၁၅)နှင့်အညီဆောင်ရွက်နေသည်ကို သိရှိရန်လိုအပ်ကြောင်း၊ တောမီးလောင်ကျွမ်းမှု အခြေအနေများ၊ တောမီးလောင်ကျွမ်းပုံအမျိုးအစားများ၊ တောမီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်း များကို သိရှိရန်လိုအပ်ကြောင်း၊ ထိုသို့ကြုံတွေ့လာပါက မည်သို့ဆောင်ရွက်ရမည်ကို လေ့လာသိရှိရန် လိုအပ်ကြောင်းနှင့် ဟောပြောပွဲမှရရှိသည့် အသိပညာများကို မိမိပတ်ဝန်းကျင်များသို့ Sharing ပြုလုပ်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးတောင်ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်ဥမ္မာလင်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရခြင်း အကြောင်းအရင်းများ၊ “တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့” အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဗီဒီယိုပြသပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ   အသိပညာပေးဟောပြောပွဲအား နံနက် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

ဆက်စပ် သတင်းများ