သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

  • Fri, 23 February 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ



သန်လျင်၊ ဖေဖော်ဝါရီ ၂၃


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ နှစ်စဉ်ကျင်းပမြဲဖြစ်သောမြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် ဒက္ခိဏအဆောင် မြက်ခင်းပြင်၌ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ၊ ဘာသာရပ်ဌာန (၁၁)ဌာနနှင့် သင်ကြား၊ စီမံဝန်ထမ်းများ စုပေါင်း၍ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို နံနက် ၉နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ဆယ့်နှစ်လရာသီပွဲတော်များတွင် အပါအဝင်ဖြစ်သည့် မြန်မာ့ရိုးရာထမနဲပွဲကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် တပို့တွဲလတွင် ကျင်းပကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်လိုစိတ်၊ ကိုယ်စီကျရာတာဝန်ယူလိုစိတ်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်စွာဖြင့် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကို နံနက် ၉နာရီခွဲတွင် ကျင်းပရာ ပထမနှစ်ကိုယ်စားပြု စွယ်တော်အဖွဲ့၊ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုမေဂျာကိုယ်စားပြု ပိတောက်အဖွဲ့၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု မေဂျာကိုယ်စားပြု လက်ပံအဖွဲ့၊ အသုံးချစာရင်းအင်းပညာအထူးပြု မေဂျာကိုယ်စားပြု မြတ်လေး အဖွဲ့၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြုမေဂျာကိုယ်စားပြု သဇင်အဖွဲ့နှင့် လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာအထူးပြု မေဂျာကိုယ်စားပြု ကံ့ကော်အဖွဲ့၊ စုစုပေါင်းအဖွဲ့ (၆)ဖွဲ့တို့က ထမနဲထိုး ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲဝင်အဖွဲ့များအား ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။


၎င်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု မေဂျာကိုယ်စားပြု လက်ပံအဖွဲ့အား ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု မေဂျာ ကိုယ်စားပြု သဇင်အဖွဲ့အား ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်းကလည်းကောင်း၊ တတိယဆု ရရှိသည့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု မေဂျာကိုယ်စားပြု ကံ့ကော်အဖွဲ့အား ဒုတိယပါမောက္ခချုပ်(သင်ကြား) ဒေါ်မြင့်မြင့်စိန်ကလည်းကောင်း၊ နှစ်သိမ့်ဆု(၁)ရရှိသည့် ပထမနှစ် ကိုယ်စားပြု စွယ်တော်အဖွဲ့အား ပါမောက္ခ၊ ဌာနမှူး ဒေါက်တာဥမ္မာစံကလည်းကောင်း၊ နှစ်သိမ့်ဆု (၂)ရရှိသည့်စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု မေဂျာကိုယ်စားပြု ပိတောက်အဖွဲ့အား ဌာနမှူး ဒေါက်တာဥမ္မာသန်းကလည်းကောင်း၊ နှစ်သိမ့်ဆု (၃) ရရှိသည့် အသုံးချစာရင်းအင်းပညာ အထူးပြု မေဂျာကိုယ်စားပြု မြတ်လေးအဖွဲ့အား ဌာနမှူး ဦးဇော်မိုးအောင်ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လျက် ရှိသည့်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာတက်ရောက်အားပေးခဲ့ကြောင်းသတင်းရရှိသည်။

ဆက်စပ် သတင်းများ