သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER FAIR 2024 ကျင်းပ

  • Wed, 6 March 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER FAIR 2024 ကျင်းပ


သန်လျင်၊ မတ် ၆


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူ များအား လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်၊  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် UCMT CAREER FAIR 2024  ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ နံနက်(၁၀)နာရီအချိန် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အမှာစကား ပြောကြားရာတွင် “သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် Bachelor of Business Science (B.BSc) ဘွဲ့ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစတင်၍ Accounting and Finance, Marketing Management, Applied Statistics, Regional Development နှင့် Social Enterprise Management အထူးပြု ဘာသာရပ်(၅)ခုဖြင့် မွေးထုတ်ပေးလျက်ရှိရာ 4th Batch အထိ ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဘဏ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် မိမိတို့တက္ကသိုလ်မှ ဘွဲ့ရများနှင့်ကိုက်ညီမည့် လုပ်ငန်းခွင်များအတွက် ရွေးချယ်နိုင်ပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ စိတ်ပါဝင်စားတဲ့အလုပ်ကို သေချာစွာစဉ်းစားပြီးမှ လျှောက်ထားကြရန် တိုက်တွန်းမှာကြား လိုကြောင်း”ပြောကြားခဲ့ပါသည်။


၎င်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “Harmonizing Skill Supply with Industry Demands” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး ဘဏ်များနှင့် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များက ၎င်းတို့လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ အနာဂတ် ရည်မှန်းချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဘဏ်နှင့် ကုမ္ပဏီအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။




ဆက်စပ် သတင်းများ