သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ Website နှင့် Facebook Page အား အသိပေးကြေညာခြင်း

  • Mon, 1 April 2024

သန်လျင် ဧပြီ ၁

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် တက္ကသိုလ်၏ လှုပ်ရှား ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တရားဝင်သတင်းများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ Website; www.mcrd.gov.mm နှင့် Facebook Page; သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် တက္ကသိုလ်၏ Website; www.ucmt.edu.mm နှင့် Facebook Page; University of Co-operative and Management, Thanlyin တို့မှ ကြေညာထုတ်ပြန်လျက် ရှိပါသည်။ အဆိုပါ Website နှင့် Facebook Page တို့မှ ထုတ်ပြန်သည့် သတင်းများမှလွဲ၍ အခြားသော Social Media Platform များတွင် ဖော်ပြသည့် သတင်းများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် လုံးဝသက်ဆိုင်ခြင်း မရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်။


ဆက်စပ် သတင်းများ