သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

  • Sat, 1 June 2019

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ


သန်လျင်၊မေ ၂၀
သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း(Capacity Building and Training of Trainers on Pedagogy) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဥတ္တရဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သမဝါယမတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးအဆင့်အတန်းကို တိုင်းတာသတ်မှတ်ရာတွင် ဆရာ၊ဆရာမများ၏ အရည်အသွေးမြင့်မားရေးသည် အရေးကြီးသည့် အတွက် ယခုသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ်နှင့်ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားခြင်း ဖြစ်ကြောင်း၊ထို့အပြင် ပြင်ပမှပညာရှင်များအား ဖိတ်ကြား၍ Capacity တည်ဆောက်ရာတွင် အသုံးဝင်မည့်ခေါင်းစဉ်များဖြင့် ပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား ဆရာ၊ဆရာမ များအနေဖြင့် အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် သင်တန်းမှပို့ချသည့် သင်ခန်းစာများကို ကြိုးစားလေ့လာပြီး လက်တွေ့အသုံးချကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆရာ၊ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်းကို ၂၀.၅.၂၀၁၉ ရက်နေ့မှ ၂၄.၅.၂၀၁၉ရက်နေ့ထိ (၅)ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သမဝါယမ တက္ကသိုလ်(သန်လျင်)မှ သင်တန်းသားဆရာ၊ ဆရာမ(၅၉)ဦး၊ သမဝါယမကောလိပ် (ဖောင်ကြီး)မှ သင်တန်းသား ဆရာ၊ ဆရာမ (၅)ဦး၊ စုစုပေါင်းသင်တန်းသား ဆရာ၊ ဆရာမ (၆၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ