သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) တွင် (၂၆)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

  • Thu, 3 November 2022

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) တွင် (၂၆)ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ


သန်လျင်၊ နိုဝင်ဘာ ၂


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၆)ကြိမ်မြောက် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက်(၁၀) နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော်အရှင်သူမြတ်(၅)ပါး ပင့်ဖိတ်၍ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ များက သံဃာတော်အရှင်သူမြတ်များထံမှ သီလပေးတရားတော်များ နာယူခဲ့သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပဒေသပင် (၇)ခုနှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ကထိန်ခင်းကျင်းသည့် ညောင်သုံးပင်ကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့သည်။ အဆိုပါ ပဒေသာပင်(၇)ခုတွင် ငွေသားတန်ဘိုး(၁၂၇၅၀၀၀)ကျပ် နှင့် ပစ္စည်းတန်ဘိုး (၈၈၀၄၅၀)ကျပ်၊ စုစုပေါင်းတန်ဘိုး (၂၁၅၅၄၅၀)ကျပ် ဖြစ်ကြောင်း သိရသည်။





ဆက်စပ် သတင်းများ