သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)တွင် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ (Better Future With Manulife) ဟောပြောပွဲကျင်းပ

  • Wed, 30 November 2022

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)တွင် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ (Better Future With Manulife) ဟောပြောပွဲကျင်းပ


သန်လျင်၊ နိုဝင်ဘာ ၂၉

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Manulife Myanmar Life Insurance ကုမ္ပဏီလီမိတက်မှ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ (Better Future With Manulife) ဟောပြောပွဲကို (၂၉-၁၁-၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပါမောက္ခချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် Manulife Myanmar မှ ဤတက္ကသိုလ်၏ 2nd batch Alumni ဖြစ်သူ Assistant Unit Manager ဒေါ်မြသီတာလင်းက ငွေကြေးစီမံခန့်ခွဲမှုနှင့်ဘဝအာမခံ (Financial Planning & Life Insurance) နှင့်ပတ်သက်၍လည်းကောင်း၊ Senior Unit Manager ဒေါ်စိမ်းလဲ့မာက Manulife Products များနှင့် ပတ်သက်၍လည်းကောင်း၊ Manulife Myanmar Agency မှ Manager ဒေါ်ယမင်းထိုက်က Manulife Myanmar တွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ Manulife Myanmar မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပါမောက္ခချုပ်က Manulife Myanmar Life Insurance ကုမ္ပဏီလီမိတက်မှ Senior Unit Manager ဒေါ်စိမ်းလဲ့မာအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။




ဆက်စပ် သတင်းများ