သမဝါယမတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်တွင် "နိုင်လွန်ခြင်းပြုလုပ်ခြင်း"သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

  • Tue, 29 January 2019

သမဝါယမတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှုအထောက်အကူပြုယူနစ်တွင် "နိုင်လွန်ခြင်းပြုလုပ်ခြင်း"သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


သမဝါယမတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်နှင့် သမဝါယမပညာဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် "နိုင်လွန်ခြင်းပြုလုပ်ခြင်း" သင်တန်းဆင်းပွဲကို ဥတ္တရဆောင်၊ SISU Classroom တွင်ကျင်းပသည်။ အဆိုပါ သင်တန်းဆင်းပွဲသို့  ပါမောက္ခချုပ် နှင့် သင်ကြား/စီမံ၊ ပါမောက္ခ/တွဲဖက်ပါမောက္ခ(ဌာနမှူး)များ၊သင်တန်းပို့ချပေးသည့်ဆရာမ ဒေါ်ဟန်အိဇာ (သမဝါယမတက္ကသိုလ်ကျောင်းသူဟောင်း)၊ သင်တန်းသူများ၊ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ကြသည်။
"နိုင်လွန်ခြင်းပြုလုပ်ခြင်း" သင်တန်းသည် (၂၈-၁-၂၀၁၉) ရက်နေ့မှ (၂၉-၁-၂၀၁၉)ရက်နေ့ထိ (၂)ရက်ဖြစ်ပြီး ကျောင်းသူများ၊ ဆရာမများ၊ ရုံးဝန်ထမ်း အမျိုးသမီးများ၊ ကျောင်းသွား၊ ရုံးသွားရာတွင် အလွန်အသုံးဝင်သဖြင့် စျေးကွက် လည်းရှိပြီး "အလုပ်လုပ်ရင်း၊ဝင်ငွေရှာ" "ပညာသင်ရင်း၊ဝင်ငွေရှာ"  နိုင်သဖြင့် သင်တန်းသူများအထူးနှစ်ခြိုက် သဘောကျစွာ လေ့လာသင်ယူခဲ့ကြပါသည်။








ဆက်စပ် သတင်းများ