သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် Certificate in Entrepreneurship and Business Management (Batch III) ဖွင့်လှစ်မည်

  • Mon, 17 July 2023

သန်လျင်  ဇူလိုင်   ၁၂

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ သဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်နေ့မှ ၁၂-၈-၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်နေ့မှ ၁၅-၅-၂၀၂၃ ရက်နေ့အထိ လည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ ယခုဆက်လက်၍ Certificate in Entrepreneurship and Business Management (Batch III) ကို Free Online Certificate Course အဖြစ် ၅-၈-၂၀၂၃ ရက်နေ့မှ ၂၂-၁၀-၂၀၂၃ ရက်နေ့အထိ အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ များတွင် နံနက် ၉:၀၀ နာရီမှ ၁၂:၀၀ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားသွားမည်ဖြစ်ပါ၍ သင်တန်း တက်ရောက်လိုသူများအနေဖြင့် https://forms.gle/xWXHcaHbynxYq3eZA   Link မှတစ်ဆင့် Google Form တွင် ဖြည့်စွက်ပြီး ၃၁-၇-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ