သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) တွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

  • Mon, 12 December 2022

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) တွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ



သန်လျင်၊ ဒီဇင်ဘာ ၉

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၉-၁၂-၂၀၂၂ ရက်နေ့ နံနက်၁၀နာရီခွဲတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းရည်မွန်ဟန်က စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသရဖီထွန်းက ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။



ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဒေါက်တာ သရဖီထွန်းက ပြန်လည်ရှင်းလင်းပြောကြားသည်။




အဆိုပါ ဟောပြောပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၃၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။



ဆက်စပ် သတင်းများ