သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

  • Thu, 15 December 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ


သန်လျင် ဒီဇင်ဘာ ၁၅

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူး၍ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ၁၅-၁၂-၂၀၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီတွင် ဘက်စုံသုံးခန်းမ (MH-210) ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရခိုင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများက ရခိုင်ရိုးရာ သီချင်း၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပေးပါသော ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ရခိုင်တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများအား ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီက ရခိုင်မုန့်တီ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရခိုင် တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူ (၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။


ဆက်စပ် သတင်းများ