နေ့သင်တန်းများဖွင့်လှစ်ကြောင်း ကြေညာခြင်း

  • Sun, 3 April 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ကြေညာချက်
နေ့သင်တန်းများဖွင့်လှစ်ကြောင်း ကြေညာခြင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက်ရောက်ဆဲ ပထမနှစ်သင်တန်းနှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မဟာဘွဲ့သင်တန်းများအားလုံးကို ၁၂-၅-၂၀၂၂ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများစာရင်းကို သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန website http://www.mcrd.gov.mm နှင့် ဤတက္ကသိုလ်၏ website http://www.tcu.edu.mm တို့တွင်လည်း ကြေညာထားမည်ဖြစ်သည်။


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆက်စပ် သတင်းများ