သမဝါယမတက္ကသိုလ် (သန်လျင်) သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပခြင်း

  • Mon, 27 January 2020

သမဝါယမတက္ကသိုလ် (သန်လျင်) သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပခြင်း


သမဝါယမတက္ကသိုလ် (သန်လျင်)
သတ္တမအကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပခြင်း
ရန်ကုန်ဇန်နဝါရီ(၂၅)


သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် သတ္တမအကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၅-၁-၂၀၂၀(စနေနေ့)၊ နံနက် (၉:၀၀)နာရီတွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်၊၊
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့ (၁၈)ဦး၊ အသုံးချစာရင်းအင်းပညာမဟာဘွဲ့(၃)ဦး၊ ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့(၁၉)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာမဟာဘွဲ့(၄)ဦး၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့(၁)ဦး၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍရေးပညာ ဘွဲ့လွန်ဒီပလိုမာ(၁)ဦး၊ အသုံးချစာရင်းအင်း ပညာဘွဲ့လွန်ဒီပလိုမာ (၃)ဦး၊ ဈေးကွက်ဖော်ဆော်ရေးစီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ(၁)ဦး၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်ဒီပလိုမာ (၂)ဉီး၊ လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ(၁)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့် ဘဏ္ဍရေးပညာ) (၁၂၂)ဦး၊ စီးပွားရေး သိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) (၉၄)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)(၁၂၅)ဦး၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ) (၁၁၂)ဦး၊ စီးပွားရေး သိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)(၆၈ဦး)နှင့် စီးပွားရေးသိပ္ပံဘွဲ့ (၁၂)ဦး၊ စုစုပေါင်း (၅၈၆)ဦးတို့ကို ဘွဲ့အပ်နှင်းချီးမြှင့်ခဲ့ပါသည်။




ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းမှ ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားရာတွင် သမဝါယမတက္ကသိုလ်(သန်လျင်)အနေဖြင့် "အမျိုးသားရေးစိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံရှိပြီး အရည်အချင်းပြည့်ဝသော လူမှုစီးပွားရေးပညာတတ်၊ လူ့စွမ်းအား အရင်းအမြစ်များကိုမွေးထုတ်ပေးနိုင်သည့် လူမှုအဖွဲ့အစည်းအထောက်အကူပြုတက္ကသိုလ် ဖြစ်လာစေရန်" ဆိုသည့် ရည်မှန်းချက်ထားရှိဆောင်ရွက်ကာ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးအတွက် အကျိုးပြုမည့် လူမှုစီးပွားရေး ပညာတတ် လူ့စွမ်းအားအရင်းအမြစ်တွေကို မွေးထုတ် ပေးနိုင်ခဲ့တာဖြစ်ကြောင်း၊ မိမိတို့ တက္ကသိုလ်အနေဖြင့် ကျောင်းသား ကျောင်းသူများအပြင် ဒေသခံ များအထိပါ လေ့လာသင်ယူနိုင်သော လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်( Social Innovation Support Unit) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ သုတေသနနှင့် ဆန်းသစ်တီထွင်မှု (Research and Innovation) များကို ပိုမိုဆောင်ရွက်လျက်ရှိကြောင်း၊ "ယနေ့ သမဝါယလူငယ်များသည် အနာဂတ်ဝယ် ခေါင်းဆောင်ကောင်းများဖြစ်ရမည်" "Youth Cooperators today, Leaders in future"ဆိုတဲ့ ဆောင်ပုဒ် အတိုင်း၊ သမဝါယမလူငယ်များအနေနဲ့ ဘက်စုံထောင့်စုံ၊ ကဏ္ဍစုံကနေပြီး နိုင်ငံတော်ကို လက်တွေ့အကျိုးပြုကြဖို့ လိုကြောင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေကို မျက်ခြေမပြတ် လေ့လာပြီး ယှဉ်ပြိုင်နိုင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးတွေဖြစ်အောင် ကြိုးစား တည်ဆောက် သွားကြဖို့လိုကြောင်း၊ အမိတက္ကသိုလ်ကြီးရဲ့ ဂုဏ်သိက္ခာနှင့် အစဉ်လာကောင်းတွေကို အစဉ်အမြဲ ထိန်းသိမ်းဆောင်ရွက်ရန်၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာ ကျရာ အခန်းကဏ္ဍမှ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ရန်၊ လူမှုစီးပွားရေးစနစ်ကို အခြေခံသည့် သမဝါယမ သဘာတရား၊ မူဝါဒ၊ အနှစ်သာရနှင့် ကျင့်ဝတ်များကို လေးလေးစားစားတန်ဖိုးထားပြီး လိုက်နာကျင့်သုံးဆောင်ရွက်ရန်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိ တတ်ကျွမ်းသောပညာဖြင့် လုပ်ငန်းနယ်ပယ် အသီးသီးမှ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။






ဆက်စပ် သတင်းများ