သမဝါယမတက္ကသိုလ်(သန်လျင်)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

  • Fri, 21 July 2017

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ


သန်လျင်၊ ဇူလိုင်(၂၁)


သမဝါယမတက္ကသိုလ်(သန်လျင်)၏ တက္ကသိုလ်မိသားစု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို (၂၁-၇-၂၀၁၇)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများ နှင့် ဝန်ထမ်းများတက်ရောက်၍ စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြသည်။ အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ပိတောက်(၅၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ စိန်ပန်း(၁၀၀)ပင်၊ ကံ့ကော်(၁၀၀)ပင်၊ စုစုပေါင်း သစ်ပင် (၃၅၀)ပင် စိုက်ပျိုးခဲ့ကြသည်။    








ဆက်စပ် သတင်းများ