သမဝါယမတက္ကသိုလ်(သန်လျင်)တွင် တတိယအကြိမ်မြောက် တက္ကသိုလ်ဓမ္မပူဇာသဘင်ကျင်းပ

  • Thu, 6 July 2017

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် တတိယအကြိမ်မြောက် တက္ကသိုလ်ဓမ္မပူဇာသဘင်ကျင်းပ


သန်လျင်၊ ဇူလိုင်လ (၆)


သမဝါယမတက္ကသိုလ်(သန်လျင်)၏ တတိယအကြိမ်မြောက် တက္ကသိုလ်ဓမ္မပူဇာ သဘင်ကို (၆-၇-၂၀၁၇)ရက်နေ့၊ နေ့လယ်(၁)နာရီခွဲအချိန်တွင် ဥတ္တရဆောင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ ဓမ္မဓူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒမှ သီလပေးတရားဟောကြားတော်မူပြီး ကျောင်းသား၊ ကျောင်းသူများမှ တရားဓမ္မနှင့် ပတ်သက်၍ သိလိုသောအချက်များအား မေးမြန်း လျှောက်ထားရာ ဆရာတော်မှ မေးမြန်းလျှောက်ထားချက်များအပေါ် ရှင်းလင်းဖြေကြား၍ ဆုံးမ သြဝါဒစကား မြွက်ကြားတော်မူခဲ့သည်။ အဆိုပါ ဓမ္မပူဇာသဘင်သို့ သမဝါယမတက္ကသိုလ် (သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ် တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ