သမဝါယမတက္ကသိုလ်(သန်လျင်)တွင် နံရံကပ်စာစောင်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

  • Tue, 18 July 2017

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် နံရံကပ်စာစောင်ပြပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ


သန်လျင်၊ ဇူလိုင်(၁၈)


        သမဝါယမတက္ကသိုလ်(သန်လျင်)တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် "ဇူလိုင်မိုးစက်များ" နံရံကပ်စာစောင်ပြပွဲနှင့် တက္ကသိုလ်ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို (၁၈-၇-၂၀၁၇)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်တွင် ဥတ္တရဆောင်၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် ကြက်ခြေနီအသင်း ဥက္ကဋ္ဌတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်၍ ပါမောက္ခချုပ်မှ အမှာစကားပြောကြားသည်။ အဆိုပါ အခမ်းအနားသို့  ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပါမောက္ခချုပ်နှင့် အဖွဲ့သည် နံရံကပ်စာစောင်များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဥတ္တရဆောင် သီရေတာတွင် အမျိုးသားသွေးဌာန (ရန်ကုန်ဆေးရုံကြီး)မှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းအောင်ထွန်း၏ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းအား တက်ရောက်အားပေးခဲ့သည်။ ၎င်းနောက် ဥတ္တရဆောင်ခန်းမတွင် သွေးလှူဒါန်း လျက်ရှိသော ဆရာ၊ဆရာမများ၊ ၀န်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ၊ စုစုပေါင်း သွေးလှူဒါန်းရှင်(၁၃၆)ဦးအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်စပ် သတင်းများ