သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

  • Fri, 7 July 2017

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ


သန်လျင်၊ ဇူလိုင်(၇)


            သမဝါယမတက္ကသိုလ်(သန်လျင်)၏ (၂၁)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (၇-၇-၂၀၁၇) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ဥတ္တရဆောင်ခန်းမ၌ သံဃာတော်အရှင်သူမြတ် (၅)ပါးအား ပင့်ဖိတ်၍ သီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ၊ ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲသို့ သမဝါယမတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ သည်။

ဆက်စပ် သတင်းများ