အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဌနှင့်အဖွဲ့ သမဝါယမတက္ကသိုလ်(သန်လျင်)သို့ လာရောက်လေ့လာ

  • Thu, 13 September 2018

အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဌနှင့်အဖွဲ့ သမဝါယမတက္ကသိုလ်(သန်လျင်)သို့ လာရောက်လေ့လာ


ရန်ကုန် စက်တင်ဘာလ ၁၃


            အမျိုးသားပညာရေးမူဝါဒကော်မရှင် (National Education Policy Commission, NEPC)ဥက္ကဌ ဒေါက်တာဦးမျိုးကြွယ် နှင့် ကော်မရှင်အဖွဲ့ဝင် ဦးသန်းနွယ် ၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာဒေါ်သန့်စင်အေး တို့အဖွဲ့ သည် (၁၃-၉-၂၀၁၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ သန်လျင်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့် သမဝါယမတက္ကသိုလ်(သန်လျင်)သို့ လာရောက်လေ့လာကြပါသည်။ NEPC ဥက္ကဌနှင့်အဖွဲ့ဝင် များသည်  သမဝါယမတက္ကသိုလ်(သန်လျင်)သို့ နေ့လည် (၁၃:၀၀) နာရီတွင်ရောက်ရှိရာ ဒက္ခိဏဆောင် အစည်းအဝေးခန်းမ(၁၀၂)တွင် ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း၊  ဒုတိယ ပါမောက္ခချုပ်များနှင့် သင်ကြား/စီမံ ပါမောက္ခ/တွဲဖက်ပါမောက္ခ(ဌာနမှုး)များက ကြိုဆို နှုတ်ဆက်ကြပြီး ကော်မရှင်ဥက္ကဌမှ သန်လျင်မြို့နယ်ရှိ တက္ကသိုလ်(၄)ခုသို့ လာရောက် ရသည့်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ကော်မရှင်ဥက္ကဌမှ တက္ကသိုလ် များရှိ စာကြည့်တိုက်များနှင့် သုတေသနဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ပကတိ အခြေအနေအား လေ့လာရန်လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


             ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းက သမဝါယမတက္ကသိုလ်(သန်လျင်)၏ သမိုင်း အကျဉ်းချုပ်နှင့်မျှော်မှန်းချက်၊ လက်ရှိဆရာ၊ဆရာမနှင့် ဝန်ထမ်းအင်အား၊ ကျောင်းသားဦးရေ၊ ပေးအပ်သည့်ဘွဲ့များ၊ လူမှုဆန်းသစ်တီထွင်မှုဆိုင်ရာနည်းပညာသင်တန်းများ၊ စာကြည့်တိုက်နှင့် သုတေသနဆောင်ရွက်ချက်များအပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ပြီး NEPC ဥက္ကဌနှင့်အဖွဲ့မှ လိုအပ်သည့်အကြံပြုချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ NEPC ဥက္ကဌနှင့်အဖွဲ့သည် သမဝါယမတက္ကသိုလ်(သန်လျင်)ရှိ စာကြည့်တိုက်နှင့် Social Innovation(SI) Support Unit ၊  SI Classroom နှင့် SI Computer Lab များသို့ လှည့်လည်ကြည့်ရှုလေ့လာပြီး ညနေ(၁၅:၀၀)နာရီတွင် တက္ကသိုလ်မှပြန်လည်ထွက်ခွါသွား ပါသည်။




ဆက်စပ် သတင်းများ