သမဝါယမတက္ကသိုလ်(သန်လျင်)၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

  • Thu, 31 January 2019

သမဝါယမတက္ကသိုလ်(သန်လျင်)၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ


သမဝါယမတက္ကသိုလ် (သန်လျင်)၏ (၂၀၁၈-၂၀၁၉)ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇွန်နဝါရီလ (၁၀)ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်တွင် ဥတ္တရဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ သင်တန်းရေးရာဌာနမှူးမှ တက္ကသိုလ်စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ပါမောက္ခချုပ်မှ တက္ကသိုလ်ပထမနှစ်ဝင်ခွင့်ရရှိသူများအနက် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ (၃)ဦးအားလည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူ (၃)ဦးအားလည်းကောင်း ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် WISE College ကျောင်းအုပ်ကြီးတို့မှ သမဝါယမတက္ကသိုလ်(သန်လျင်) နှင့် WISE College တို့ ပူးပေါင်း ဖွင့်လှစ်သည့် Young Leader Development Program (Batch-3) မှ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် မောင်မယ်သစ်လွင်ရွေးချယ်ရေးနှင့် ဖျော်ဖြေရေး အစီအစဉ်များ ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။



ဒုတိယပါမောက္ခချုပ်(စီမံ)မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူတစ်ဦးအား ဆုချီးမြှင့်စဉ်



ပါမောက္ခချုပ်မှ Young Leader Development Program(Batch-3) သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်စဉ်



ဒုတိယပါမောက္ခချုပ်(သင်ကြား)မှ Young Leader Development Program(Batch-3) သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်စဉ်



WISE College ကျောင်းအုပ်ကြီးမှ Young Leader Development Program(Batch-3) သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်စဉ်


ဆက်စပ် သတင်းများ