သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ပထမနှစ်ဝက်စာမေးပွဲကျင်းပ

  • Tue, 26 March 2019

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ပထမနှစ်ဝက်စာမေးပွဲကျင်းပ


သန်လျင်၊ မတ် ၂၅
သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ သင်တန်းနှစ် အသီးသီး၏ ပထမနှစ်ဝက်စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း (၂)ကြိမ်ခွဲ၍ စစ်ဆေးလျက်ရှိရာ စာမေးပွဲဖြေဆိုသူ ပထမနှစ်(၄၃၅)ဦး၊ ဒုတိယနှစ် (၃၅၇)ဦး၊ တတိယနှစ် (၄၄၂)ဦး၊ စတုတ္ထနှစ် (၅၅၃)ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၉)ဦး၊ မဟာတန်း (ပထမနှစ်) (၄၅) ဦးနှင့် မဟာတန်း (ဒုတိယနှစ်) ( ၄၅ )ဦး၊ စုစုပေါင်း ( ၁၈၈၆ ) ဦး ဖြေဆိုကြသည်။
ယနေ့ ပဥ္စမမြောက်စာမေးပွဲစစ်ဆေးသည့်နေ့တွင် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ ဦးဆောင်သည့် စာမေးပွဲစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီအဖွဲ့သည် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့သည်။





ဆက်စပ် သတင်းများ