သမဝါယမတက္ကသိုလ်(သန်လျင်)တွင် နိုင်ငံခြားခရီးစဉ်နှင့်ပညာတော်သင် သွားရောက်ခဲ့သော ကျောင်းသူများ၏ Knowledge Sharing Programme ကျင်းပ

  • Thu, 4 July 2019

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် နိုင်ငံခြားခရီးစဉ်နှင့်ပညာတော်သင် သွားရောက်ခဲ့သော ကျောင်းသူများ၏ Knowledge Sharing Programme ကျင်းပ


သန်လျင်၊ ဇွန် ၂၀
သမဝါယမတက္ကသိုလ်(သန်လျင်)တွင် နိုင်ငံခြားခရီးစဉ်နှင့် ပညာတော်သင်သွားရောက် ခဲ့သော ကျောင်းသူများ၏ Knowledge Sharing Programme ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဉတ္တရဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် Erasmus+ Key Action 2 Capacity Building in the field of Higher Education စီမံကိန်းအရ စပိန်နိုင်ငံ၊ University of Alicante ၊ စကော့တလန်နိုင်ငံ၊ Glasgow Caledonian University နှင့် ပေါ်တူဂီနိုင်ငံ၊ University of Aveiro သို့ Study Visit သွားရောက်ခဲ့သည့် လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ရကျောင်းသူ မသဲဆုလှိုင်၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေး ပညာဘာသာရပ်အထူးပြု မဟာတန်းဒုတိယနှစ်ကျောင်းသူ မငြိမ်းငြိမ်းသော်၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာဘာသာရပ်အထူးပြု မဟာတန်းပထမနှစ်ကျောင်းသူ မရွှေရည်မြတို့က Interview ဖြေဆိုခဲ့ရမှု၊ ကြိုတင်ပြင်ဆင်ခဲ့မှု၊ နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက် လေ့လာရသည့် အကျိုးကျေးဇူးများနှင့် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံနှင့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စင်္ကာပူနိုင်ငံတွင်
ကျင်းပသည့် South East Asia (SEA) Business Challenges 2019 ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် စျေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာဘာသာရပ်အထူးပြု စတုတ္ထနှစ် ကျောင်းသူ မထက်ဣန္ဒြေ၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာဘာသာရပ်အထူးပြု တတိယနှစ်ကျောင်းသူ မရတနာဆင့်၊ စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာဘာသာရပ်အထူးပြု ဒုတိယနှစ်ကျောင်းသူ မမေသူမောင်ကြည်နှင့် စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာဘာသာရပ်အထူးပြု ဒုတိယနှစ် ကျောင်းသူ မအိန္ဒြေမှူးခင်တို့အဖွဲ့က ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ခဲ့မှုနှင့် ပြိုင်ပွဲဝင် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းရာ နိုင်ငံခြားခရီးစဉ်နှင့် ပညာတော်သင် သွားရောက်ခဲ့သော ကျောင်းသူ များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ အဆိုပါ Knowledge Sharing Programme သို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၃၅ဝဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။





ဆက်စပ် သတင်းများ