သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ဒုတိယနှစ်ဝက်စာမေးပွဲကျင်းပ

  • Mon, 24 September 2018

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် ဒုတိယနှစ်ဝက်စာမေးပွဲကျင်းပ


ရန်ကုန် စက်တင်ဘာလ ၂၁
သမဝါယမတက္ကသိုလ်(သန်လျင်)၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ သင်တန်းနှစ် အသီးသီး၏ ဒုတိယနှစ်ဝက် စာမေးပွဲကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့မှ (၂၁) ရက်နေ့အထိ ကွန်ပျူတာလက်တွေ့စာမေးပွဲများကိုလည်းကောင်း၊ စက်တင်ဘာလ(၂၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဘာသာရပ်ရေးဖြေစာမေးပွဲများကိုလည်းကောင်း နံနက်ပိုင်းနှင့် နေ့လည်ပိုင်း (၂)ကြိမ်ခွဲ၍ စစ်ဆေးလျက်ရှိရာ စာမေးပွဲဖြေဆိုသူ ပထမနှစ်သင်တန်းသား(၃၉၂)ဦး၊ ဒုတိယနှစ် သင်တန်းသား(၂၇၂)ဦး၊ တတိယနှစ်သင်တန်းသား(၅၄၇)ဦး၊ စတုတ္ထနှစ်သင်တန်းသား(၅၁၁)ဦး၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းသား(၅)ဦး၊ မဟာဘွဲ့(ပထမနှစ်)သင်တန်းသား(၄၅)ဦး၊ စုစုပေါင်း (၁၇၇၂)ဦး ဖြေဆိုကြသည်။
အဆိုပါစာမေးပွဲစစ်ဆေးသည့်နေ့ရက်များတွင် ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များဦးဆောင်သည့် စာမေးပွဲစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့ပါသည်။




ဆက်စပ် သတင်းများ