သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပွဲကျင်းပ

  • Mon, 18 February 2019

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပွဲကျင်းပ


သမဝါယမတက္ကသိုလ်(သန်လျင်)တွင် (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပွဲကို (၁၈-၂-၂၀၁၉) ရက်နေ့ နံနက် ၁ဝနာရီအချိန်တွင် ဒက္ခိဏဆောင်မြက်ခင်းပြင်၌ကျင်းပရာ ပထမနှစ်နှင့် စတုတ္ထနှစ် (စီးပွားရေးသိပ္ပံဘွဲ့) ကိုယ်စားပြုအဖွဲ့နှစ်ဖွဲ့၊ အထူးပြုဘာသာရပ်များဖြစ်သည့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြုဘာသာရပ်အဖွဲ့၊ အသုံးချစာရင်းအင်းပညာအထူးပြုဘာသာရပ်အဖွဲ့၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အဖွဲ့၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ အထူးပြုဘာသာရပ်အဖွဲ့၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အဖွဲ့နှင့် သမဝါယမတက္ကသိုလ်(သန်လျင်) စီမံခန့်ခွဲရေးဌာနများကိုယ်စားပြုအဖွဲ့၊ စုစုပေါင်းအဖွဲ့(၈)ဖွဲ့ တို့က ထမနဲထိုးခဲ့ကြသည်။ မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ပွဲအပါအဝင်ဖြစ်သည့် ထမနဲ ထိုးပွဲကို မြန်မာ့ရိုးရာအစဉ်အလာနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်နှင့် ကျောင်းသား/ကျောင်းသူများ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ ချစ်ခင်ရင်းနှီးပြီး စည်းလုံး ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အဆိုပါထမနဲထိုးသည့်အဖွဲ့များအား ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ)ဦးဦးတင်သိန်း၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဒေါ်မြင့်မြင့်စိန်နှင့် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ မြန်မာ့ရိုးရာထမနဲထိုးပွဲသို့ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။








ဆက်စပ် သတင်းများ