သမဝါယမတက္ကသိုလ်(သန်လျင်) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းကြီးကြပ်မှု ကော်မတီနှင့် WISE College တို့ ပူးပေါင်းဖွင့်လှစ်သည့် ဒီပလိုမာသင်တန်းများ၏ ဒီပလိုမာလက်မှတ်ချီးမြှင့်ပွဲ ကျင်းပ

  • Sun, 23 July 2017

သမဝါယမတက္ကသိုလ်(သန်လျင်) လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းကြီးကြပ်မှု ကော်မတီနှင့် WISE College တို့ ပူးပေါင်းဖွင့်လှစ်သည့် ဒီပလိုမာသင်တန်းများ၏ ဒီပလိုမာလက်မှတ်ချီးမြှင့်ပွဲ ကျင်းပ


သန်လျင်၊ ဇူလိုင်(၂၃)
သမဝါယမတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှု ကော်မတီနှင့် WISE College တို့ပူးပေါင်းဖွင့်လှစ်သည့် Advanced Diploma in Business Management သင်တန်းအမှတ်စဉ် (၃)၊ (၄)နှင့် Higher Diploma in Business Management သင်တန်းအမှတ်စဉ် (၄)၊ (၅)တို့၏ ဒီပလိုမာလက်မှတ် အပ်နှင်းပွဲအခမ်းအနားကို (၂၃-၇-၂၀၁၇)ရက် နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ Advanced Diploma in Business Management ဒီပလိုမာလက်မှတ် ရရှိသူ (၆၅)ဦး၊ Higher Diploma in Business Management ဒီပလိုမာလက်မှတ်ရရှိသူ (၆၉)ဦး၊ စုစုပေါင်း ဒီပလိုမာ လက်မှတ်ရရှိသူ (၁၃၄)ဦးအား၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းမှ ဒီပလိုမာလက်မှတ်များ ချီးမြှင့် အပ်နှင်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက္ကသိုလ်စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များ၊ သင်တန်းရေးရာဌာန၊ စာမေးပွဲ ဘွဲ့နှင်းဌာနခွဲမှ တာဝန်ရှိသူများနှင့် WISE College ဒီပလိုမာ လက်မှတ်ရရှိသူ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။




ဆက်စပ် သတင်းများ