သမဝါယမတက္ကသိုလ်(သန်လျင်)တွင် Scholarship Programs နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

  • Sun, 15 September 2019

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် Scholarship Programs နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး


သန်လျင်၊ စက်တင်ဘာလ ၉ ရက်


သမဝါယမတက္ကသိုလ်(သန်လျင်)တွင် Information Session for U.S. Government - Sponsored Scholarship Programs နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်တွင် ဥတ္တရဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ၎င်းနောက် American Center မှ Cultural Affairs Specialist ဒေါ်စောကြည်သာက အမေရိကန်အစိုးရ၏ အထောက်အပံ့ဖြင့် ခေါ်ယူလျက်ရှိသည့် Scholarship Programs နှင့် ပတ်သက်၍ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ လျှောက်ထားနိုင်သည့် ပညာသင်ဆု အစီအစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ပညာသင်ဆုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဒေါ်စောကြည်သာက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ/တွဲဖက်ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ပထမနှစ်မှ မဟာတန်း(ပထမနှစ်)အထိ ကျောင်းသား/ ကျောင်းသူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



ဆက်စပ် သတင်းများ