သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး လာရောက်ကြည့်ရှုအားပေး

  • Wed, 15 June 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး လာရောက်ကြည့်ရှုအားပေး


သန်လျင် ဇွန် ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များလိုက်ပါ၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သို့ ၂၀၂၂ခုနှစ် ဇွန်လ ၁၄ရက်နေ့ နံနက် ၁၁နာရီခွဲ အချိန်တွင် ရောက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများက ကြိုဆိုခဲ့ကြသည်။ ၎င်းနောက် ဒုတိယဝန်ကြီးသည် ဥတ္တရဆောင်တွင် ပညာသင်ကြားလျက်ရှိသော ပထမနှစ်သင်တန်းနှင့် စတုတ္ထနှစ်သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာသင်ခန်းအလိုက် လှည့်လည်ကြည့်ရှု၍ အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဘက်စုံသုံးခန်းမသို့ ရောက်ရှိပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက တက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်နှင့် တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ ကျောင်းသား၊ ကျောင်းသူ တက်ရောက်မှုအခြေအနေ၊ ပေးအပ်ချီးမြှင့်လျက်ရှိသည့် ဘွဲ့သင်တန်းအမျိုးအစားနှင့် အထူးပြု ဘာသာရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအခြေအနေ၊ အရည်အသွေးအာမခံမှုစနစ် (QAS) ဆောင်ရွက်မှုအခြေအနေ၊ သုတေသနစာတမ်းများပြုစုဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ သင်တန်းများဖွင့်လှစ်ပို့ချနေမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ