သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းသုံးပြဌာန်းစာအုပ်နှင့် တူညီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

  • Fri, 10 June 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ကျောင်းသုံးပြဌာန်းစာအုပ်နှင့် တူညီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ


သန်လျင်၊ ဇွန် ၉
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကထောက်ပံ့ပေးအပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်နှင့် တူညီဝတ်စုံထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို (၉.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀)နာရီခွဲအချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။ အဆိုပါအခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ထောက်ပံ့ပေးအပ်သည့် ပထမနှစ်ကျောင်းသား၊ကျောင်းသူ(၂၅၀)ဦးအတွက် ကျောင်းသုံး ပြဌာန်းစာအုပ်နှင့် Tutorial စာအုပ်တစ်စုံလျှင်(၄၇၆၀၀)ကျပ်ဖြင့် တန်ဘိုးငွေကျပ်(၁၁၉)သိန်းနှင့် ကျောင်းသား၊ကျောင်းသူ(၂၅၀)ဦးအတွက် တူညီဝတ်စုံ(၂၅၀)စုံကို ပြည်ထောင်စုဝန်ကြီးကိုယ်စား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ဌာနမှူးများက ပေးအပ်ခဲ့ရာ ပထမနှစ်သင်တန်းမှ ကျောင်းသားကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ ဆရာ/ဆရာမများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းမှ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ