သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

  • Fri, 8 July 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ


သန်လျင် ဇူလိုင် ၈

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ (၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို သံဃာတော် အရှင်သူမြတ်(၅)ပါး ပင့်ဖိတ်၍ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဦးတင်သိန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက သံဃာတော်အရှင်သူမြတ်များထံမှ သီလပေးတရားတော်များ နာယူ ကြသည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့အား တက္ကသိုလ်မှ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စေတနာအလှူရှင်များက ဝါဆိုသင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။





ဆက်စပ် သတင်းများ