သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများ၏ စာမေးပွဲများ စစ်ဆေးပြီးစီး

  • Fri, 26 August 2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများ၏ စာမေးပွဲများ စစ်ဆေးပြီးစီး


သန်လျင် ဩဂုတ် ၂၅

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဘွဲ့ကြိုသင်တန်းများဖြစ်သည့် ၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ စတုတ္ထနှစ် (ပထမနှစ်ဝက်) သင်တန်းများ၏ စာမေးပွဲများကို ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် တက္ကသိုလ်လုံခြုံရေး စီမံချက်ပါ အစီအမံများနှင့်အညီ ၁၇-၈-၂၀၂၂ ရက်နေ့မှ ၂၅-၈-၂၀၂၂ရက်နေ့အထိ အဆင်ပြေ ချောမွေ့စွာ စာမေးပွဲစစ်ဆေးပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ 






ဆက်စပ် သတင်းများ