သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

  • Wed, 3 January 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


သန်လျင်၊ ဇန်နဝါရီ ၃

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ၁-၁-၂၀၂၄ ရက်နေ့ မှ ၃-၁-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ထုပ်ဆီးတိုးပြိုင်ပွဲ (အမျိုးသမီး)၊ လွန်ဆွဲပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ မုန့်စားပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ဂုံနီအိတ်စွပ်အပြေး ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ အပ်နဖားထိုးအပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် ဘောလုံးအားကစားပြိုင်ပွဲ (အမျိုးသမီး)၊ အပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲ (အမျိုးသား)၊ စစ်တုရင်ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ခုံဦးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး) နှင့် သံပုံးရိုက်ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား (၁၁)မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၃-၁-၂၀၂၄ ရက်နေ့ နေ့လယ်(၂)နာရီတွင် ကျင်းပ ပြုလုပ်ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆရာမများ ထုပ်ဆီးတိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ရရှိသည့် အသင်းများအားလည်းကောင်း၊ ဆရာမများနှင့် ဝန်ထမ်းများ ခုံဦးပြိုင်ပွဲတွင် ဆုရရှိသူ(၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ခုံဦးပြိုင်ပွဲတွင် ဆုရရှိသူ (၃)ဦးအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်းက ဝန်ထမ်းများ သံပုံးရိုက်ပြိုင်ပွဲတွင် ဆုရရှိသူ(၇)ဦးအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲအသီးသီး တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံ များက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ/ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ/ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်း ရရှိသည်။

ဆက်စပ် သတင်းများ