သမဝါယမပညာ ဌာန

သမဝါယမပညာဌာနသည် ၁၉၉၆ခုနှစ် ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဆင့်တွင် သမဝါယမပညာဌာနအနေဖြင့် ဘွဲ့ကြိုသင်တန်းတွင် သင်ကြားရေးတာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်ဖွဲ့စည်းပုံအရ သမဝါယမနှင့် ဘောဂဗေဒဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။  ၂၀၁၂ ခုနှစ်တွင် သမဝါယမတက္ကသိုလ် (သန်လျင်) အမည်ဖြင့် တက္ကသိုလ် အဆင့်သိုမြှင့်တင်ခဲ့သည့်  ကာလမှစတင်၍ သီးခြားဌာနများအဖြစ်ဖွဲ့စည်းခဲ့ပါသည်။


သမဝါယမပညာဌာန အနေဖြင့် စီးပွားရေးသိပ္ပံဘွဲ့သင်တန်းများတွင် သင်ကြားရေး တာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။ သမဝါယမတက္ကသိုလ်(သန်လျင်)သည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်၍ စီးပွားရေးသိပ္ပံဘွဲ့ကို အထူးပြုသင်တန်း (၅)ခုဖြင့် ဘွဲ့ပေးအပ်နိုင်ရန် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်။ ပေးအပ်သည့်ဘွဲ့သင်တန်းများမှာ စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ)၊ စီးပွားရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)၊ စီးပွားရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ)၊ စီးပွားရေးသိပ္ပံဘွဲ့ (စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာ)၊ စီးပွားရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ) တို့ဖြစ်ပါသည်။ သမဝါယမပညာအနေဖြင့်  စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ) သင်တန်းကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်၍ တာဝန်ယူသင်ကြား ပို့ချပေးခဲ့ပါသည်။


ထို့အပြင် တက္ကသိုလ်အဆင့်နှင့် လျော်ညီသည့် ဘွဲ့၊ ဒီဂရီများအပ်နှင်းနိုင်ရေးအတွက် ဘွဲ့လွန်သင်တန်းဖြစ်သည့် လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း စီမံချက်များရေးဆွဲပြီး ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ လူ့စွမ်းအားအရင်းအမြစ်များဖွံဖြိုးတိုးတက်ရေးနှင့် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတတ် ပညာရှင်များမွေးထုတ်နိုင်ရန်ရည်ရွယ်၍ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ သင်တန်းကို ၂၀၁၅ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလတွင်  သမဝါယမတက္ကသိုလ်(သန်လျင်)အား သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အမည်ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ လက်ရှိကာလတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)  သမဝါယမပညာဌာနသည် စီးပွားရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ)၊ လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာနှင့် လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။


သမဝါယမပညာဌာနသည် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများ သိရှိစေရန် စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်သော လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့်စီးပွားရေး စီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုသင်တန်း (Certificate in Entrepreneurship and Business Management) ကာလတိုသင်တန်းအနေဖြင့် Free Online Certificate Course ကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါသည်။