စီမံခန့်ခွဲမှုပညာ ဌာန

၁၉၉၆ ခုနှစ်တွင် ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ချိန်ကတည်းက Production Management ဌာနနှင့် Financial Management ဌာနဟူ၍ဖွဲ့စည်းထားရှိခဲ့ပါသည်။ ၂၀၁၂ခုနှစ်တွင် သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ်သို့ အဆင့်မြှင့်တင် ခဲ့ချိန်တွင်၎င်းဌာန (၂)ခုအား စီမံခန့်ခွဲမှုပညာဌာနသို့ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ 

၂၀၁၄-၂၀၁၅ ပညာသင်နှစ်  မှစ၍စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု   ဘွဲ့ကြိုတန်းကိုစတင်သင်ကြားပေးခဲ့ ပါသည်။ ထို့နောက် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာအထူးပြု ဘွဲ့လွန်ဒီပလိုမာတန်း၊ မဟာတန်းသင်တန်း တို့ကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။

ယခုအချိန်တွင် စီးပွားရေးသိပ္ပံဘွဲ့ (စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)ရရှိသူ (၂၃၁)ဦး၊ စျေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ ဒီပလိုမာရရှိသူ (၈)ဦးနှင့် စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာမဟာဘွဲ့ရရှိသူ(၃၈)ဦးအထိဘွဲ့အသီးသီးကို ချီးမြှင့်ပေးအပ်ခဲ့ပြီဖြစ်ပါသည်။









စီမံခန့်ခွဲမှုပညာ ဌာန

နိုင်ငံတော်အဆင့်သို့ ‌ရောက်ရှိအောင်မြင်နိုင်ရန် ဈေးကွက်ဖော်ဆောင်ရေး၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုဆိုင်ရာပညာရပ်များကို အရည်အသွေးမြင့်မားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သောပညာတတ်များ မွေးထုတ်ပေးနိုင်ရန်။

ပုဂ္ဂလိကနှင့် အစိုးရကဏ္ဍတို့အတွက် ဈေးကွက်ဖော်ဆောင်‌ရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာနယ်ပယ် တို့တွင် ကျောင်းသား/ သူများစွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်ရန်၊ အဆင့်မြင့်ပညာရပ် များနှင့်လက်တွေ့ကျသော ကျွမ်းကျင်မှုများရရှိစေရေးပံ့ပိုးပေးရန်။