အင်္ဂလိပ်စာ ဌာန

အင်္ဂလိပ်စာဌာနသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ အထောက်အကူပြုဌာနများအနက် တစ်ခုအပါအဝင် ဖြစ်သည်။ ယခင်က ရန်ကုန်သမဝါယမ ဒေသကောလိပ်အဆင့်တွင် အင်္ဂလိပ်စာဌာနသည် ဘာသာစကားဌာနအဖြစ်ပါဝင်ခဲ့သည်။ ရန်ကုန်သမဝါယမဒေသကောလိပ်အား ရန်ကုန်သမဝါယမဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့် လိုက်သောအခါ အင်္ဂလိပ်စာဌာနအဖြစ်သီးခြားရပ်တည်ခဲ့ပါသည်။

ထိုကာလတွင် အင်္ဂလိပ်စာ ဌာနသည် minor ဌာနအဖြစ်ရပ်တည်ပြီး ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနနှင့် ပေါင်းစည်း ဆက်သွယ်ကာ အထွေထွေအင်္ဂလိပ်စာကို သင်ကြားပို့ချခဲ့သည်။ ရန်ကုန်သမဝါယမဒီဂရီ ကောလိပ်အား သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ်အဆင့်မြင့်လိုက်သောအခါ အင်္ဂလိပ်စာ ဌာနသည် စာရင်းကိုင်နှင့်ဘဏ္ဍာရေးပညာ၊ စျေးကွက်ဖော်ဆောင်ရေးနှင့် စီမံခန့်ခွဲမှုပညာ၊ အသုံးချစာရင်းအင်းပညာ၊ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပညာနှင့် လူမှုစီးပွားရေးစီမံခန့်ခွဲမှု ပညာစသည့် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသားများအား (Business English) အခြေခံသင်ရိုးများကို ၂၀၁၂ခုနှစ်မှစ၍ သင်ကြားပေးခဲ့သည်။

ယခုမျက်မှောက်ကာလတွင် အင်္ဂလိပ်စာဌာန၌ ပါမောက္ခ၊ ဌာနမှူး (၁)ဦး၊ ကထိက(၁)ဦး၊ လက်ထောက်ကထိက(၂)ဦးနှင့် နည်းပြ(၂)ဦး စုစုပေါင်း သင်ကြားရေးဝန်ထမ်း(၆)ဦးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိကာလတွင် အင်္ဂလိပ်စာဌာနသည် ဘွဲ့ကြိုနှင့် ဘွဲ့လွန်တန်းများကို အထောက်အကူပြု ဘာသာရပ်အဖြစ်သင်ကြားရုံသာမကပြည်သူလူထုသို့ စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာ ကျွမ်းကျင်မှုပညာ အခမဲ့အွန်လိုင်း သင်တန်းများကိုလည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် တစ်ရပ်အနေဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။










Daw Sandar Win

Head of Department

Daw Soe Soe Wai

Assistant Lecturer

Daw Aye Ma Ma Thet

Assistant Lecturer


Daw Sandar Win

Head of Department

Daw Soe Soe Wai

Assistant Lecturer

Daw Aye Ma Ma Thet

Assistant Lecturer

inter
International Students
အင်္ဂလိပ်စာ ဌာန

လုပ်ငန်းခွင်ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးရန်လိုအပ်သော မရှိမဖြစ်သုံး ဘာသာစကားစွမ်းရည်များကိုဖြန့်ဝေပေးသည့် ဗဟိုအချက်အချာအဖြစ်အသိအမှတ်ပြုစေရန်၊ အလားအလာရှိသောပုဂ္ဂိုလ်များအား ထိရောက်သောစီးပွားရေးလုပ်ငန်းဆိုင်ရာ အင်္ဂလိပ် ဘာသာစကားကို ပိုင်ဆိုင်နိုင်ရန်ပံ့ပိုးပေးနိုင်သည့် ပတ်ဝန်းကျင်တစ်ခုအဖြစ် အသိအမှတ်ပြု စေရန်၊ နိုင်ငံတကာစီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရာတွင် အသိအမှတ်ပြု စေရန်နှင့် အမြဲပြောင်းလဲနေသော စီးပွားရေးရပ်ဝန်းကို အမီလိုက်နိုင်ရန်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိသူများသည် ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးတွင် စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာကို ကောင်းမွန်စွာ အသုံးချတတ်စေရန်။