စာရင်းအင်းပညာ ဌာန

သမဝါယမတက္ကသိုလ်(သန်လျင်)ရှိ စာရင်းအင်းပညာဌာနသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် သမဝါယမဝန်ကြီးဌာန လက်အောက်၌ တည်ရှိခဲ့ပါသည်။ တက္ကသိုလ် အဆင့်မြှင့်တင်ခြင်း မတိုင်မီကပင် စာရင်းအင်းပညာဌာနသည် ရန်ကုန်သမဝါယမဒေသ ကောလိပ်နှင့် ရန်ကုန်သမဝါယမဒီဂရီကောလိပ် တို့ရှိစဉ်တွင် စာရင်းအင်းဌာနအဖြစ်အမည် တွင်ခဲ့ပါသည်။

၂၀၂၁ခုနှစ်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်အောက်သို့ ရောက်ရှိခဲ့ပါသည်။ စာရင်းအင်းပညာဌာနသည် ဥတ္တရအဆောင်တွင် တည်ရှိပါသည်။ စာရင်းအင်းပညာဌာန ပါမောက္ခ(ဌာနမှူး)သည် ဒေါက်တာမို့မို့ကြည်ဖြစ်ပါသည်။









စာရင်းအင်းပညာ ဌာန

လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့နယ်ပယ် အသီးသီးတွင် အရည်အချင်း ပြည့်ဝပြီး ကျွမ်းကျင်တတ်မြောက်သော စာရင်းအင်းပညာရှင်များကို မွေးထုတ်ပေးရန်။

သုတေသနအဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းတို့တွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် သင်ကြားခြင်း၊ အကြံပေးခြင်းနှင့် ဖြန့်ဝေခြင်း အစီအစဉ်များမှတစ်ဆင့် စာရင်းအင်းဆိုင်ရာ အသိပညာများကို မျှဝေပေးရန်။