ဝါဏိဇ္ဇဗေဒ ဌာန
ဝါဏိဇ္ဇဗေဒဌာန၏ မူလအမည်မှာ စာရင်းပညာဌာနဖြစ်ပါသည်။ စာရင်းပညာဌာန တွင်(၁၉၉၈-၁၉၉၉) ခုနှစ်အတွင်း တာဝန်ယူခဲ့သောဌာနမှူးမှာ ဒေါ်ဓာတုကလျာ(ကထိက) ဖြစ်သည်။ ထို့နောက် (၁၉၉၉-၂၀၀၃)အတွင်း ဒေါ်သင်းသင်းရီ(ပါမောက္ခ)မှ လည်းကောင်း၊ (၂၀၀၃-၂၀၀၆)တွင် ဒေါ်ဓာတုကလျာ(ကထိက)မှလည်းကောင်း၊ (၂၀၀၆-၂၀၁၀)တွင် ဒေါ်သင်းသင်းရီ(ပါမောက္ခ)မှ လည်းကောင်း၊ (၂၀၁၀-၂၀၁၂)တွင် ဒေါ်မြင့်မြင့်စိန်(ပါမောက္ခ) နှင့်(၂၀၁၂-၂၀၁၃)တွင် ဒေါက်တာ နေမင်းအေး (တွဲဖက်ပါမောက္ခ)တို့မှ အသီးသီးတာဝန် ထမ်းဆောင်ခဲ့ပါသည်။
(၃-၁၂-၂၀၁၂)ခုနှစ်တွင် သမဝါယမဒီဂရီကောလိပ်အား သမဝါယမတက္ကသိုလ်(သန်လျင်)အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး၊ စာရင်းပညာဌာနကို ဝါဏိဇ္ဇဗေဒဌာနအဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ် ခဲ့ပါသည်။
ဝါဏိဇ္ဇဗေဒဌာနတွင်(၂၀၁၃-၂၀၁၆)အတွင်း ဒေါက်တာမို့မို့ရီ(ပါမောက္ခ)နှင့် (၂၀၁၆-၂၀၂၁) အထိ ဒေါက်တာနေမင်းအေး (တွဲဖက်ပါမောက္ခ) တို့မှ တာဝန် ထမ်းဆောင် ခဲ့ပါသည်။ လက်ရှိ ဝါဏိဇ္ဇဗေဒဌာနတွင် (ဌာနမှူး)အဖြစ် တာဝန် ထမ်းဆောင်နေသူမှာ ဒေါ်အေးမင်းသန်း (တွဲဖက်ပါမောက္ခ) ဖြစ်ပါသည်။ ဝါဏိဇ္ဇဗေဒဌာနအနေဖြင့် စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာ အထူးပြုမေဂျာကို (၂၀၁၄)ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၊ စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ B.BSc (Accounting and Finance ) ဘွဲ့ရ စုစုပေါင်း(၂၂၃)ဦးကို ယနေ့အထိ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ထို့ပြင် ဘွဲ့လွန်ဒီပလိုမာPGD (Accounting and Finance) စုစုပေါင်း(၁၃)ဦးနှင့် မဟာဘွဲ့ (Accounting and Finance) စုစုပေါင်း(၄၄)ဦးတို့ကိုလည်း မွေးထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ယခု လက်ရှိဌာနတွင် အရာထမ်း၊အမှုထမ်း စုစုပေါင်း(၇)ဦးဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

To be a well-known center of studies in accounting, finance, business, and related fields for better life of individuals and community development through integration of teaching, learning and research.
- To produce competent graduates through higher education in commerce and business studies.
- To train the students with required level of competence for enhancing their employment opportunities.