သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ပါမောက္ခချုပ်ဖလား (အမျိုးသား၊ အမျိုးသမီး) ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ အခမ်းအနားကျင်းပ
Mon, 2 February 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Fri, 30 January 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ
Tue, 27 January 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Storytelling ပြိုင်ပွဲကျင်းပ
Thu, 22 January 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ - Youth Peace Forum 2026 သို့တက်ရောက်ခြင်း
Mon, 19 January 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တွင် တက္ကသိုလ် (၁၄) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်း
Fri, 16 January 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြုဘာသာရပ်များ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပခြင်း
Sat, 10 January 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ကို ၁၉၇၀ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ရာ၊ ၁၉၉၄ ခုနှစ်၊ မေလတွင် ရန်ကုန် သမဝါယမဒေသကောလိပ်အဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်သမဝါယမ ဒီဂရီကောလိပ်အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် သမဝါယမဒီဂရီကောလိပ် (သန်လျင်)အဖြစ် အမည်ပြောင်းလဲ၍လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် သမဝါယမတက္ကသိုလ် (သန်လျင်) အဖြစ် တက္ကသိုလ်အဆင့်သို့ တိုးမြှင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာလ တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။
တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည့် ၂၀၁၂ ခုနှစ်မှ ယခုအချိန်ကာလ အထိ ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် လောကဓံအဖုံဖုံကို ကြံ့ကြံ့ခံ၍ စည်းလုံး ညီညွတ်စွာဖြင့် ကျော်လွှားအောင်မြင်ကာ အစဉ်အလာကောင်းများဖြင့် လုံ့လပြု ရပ်တည်ခဲ့ပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) အနေဖြင့် “အမျိုးသားရေး စိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံရှိပြီး၊ လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုတက္ကသိုလ် ဖြစ်လာစေရန်” ရည်မှန်းချက်နှင့်အညီ ယနေ့အချိန်အထိ နိုင်ငံတော်နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် လူ့စွမ်းအား အရင်းအမြစ် (၈၀၀၀)ဦးခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ဤမျှသာမက တက္ကသိုလ်၏ အရည်အသွေးအာမခံမှုစနစ်ကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ခုနှစ်တွင်(Asean University Network-Quality Assurance AUN-QA)၏ တွဲဖက်အသင်းဝင် (Associate Member)အဖြစ် အသိအမှတ်ပြုရပ်တည်နိုင်ခဲ့ပေပြီ။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ လူမှုစီးပွားရေးဆိုင်ရာ အသိပညာ၊ အတတ်ပညာများ တိုးတက် ဖွံ့ဖြိုးအောင် သင်ကြား ပေးနေသကဲ့သို့ တစ်ဖက်ကလည်း မိမိလူမျိုး၏ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှုနှင့် အမျိုးသားရေး လက္ခဏာ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရန်နှင့် ဘက်စုံထူးချွန်သော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း၊ အနုပညာအသင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း၊ တက္ကသိုလ် ကြက်ခြေနီအသင်း၊ အားကစားကော်မတီ၊ ခြေလျင်တောင်တက်အသင်း၊ Youth SMU အစရှိသည့် အသင်းအဖွဲ့များ ဖွဲ့စည်းကာ၊ ဝါဆို၊ ကထိန်အလှူပွဲများ၊ ဗုဒ္ဓဘာသာဝတ်ရွတ်ပြိုင်ပွဲ၊ စာပေ၊ ဂီတ၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲများ၊ ကျပန်း စကားပြောပွဲ၊ စကားရည်လုပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ သွေးလှူဒါန်းပွဲ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဈေးရောင်းပွဲတော်များကို ကျင်းပပေးလျက်ရှိပါသည်။
ကျောင်းသား၊ ကျောင်းသူများအပြင် ဒေသခံများအထိပါ အချိန်မရွေးလေ့လာ သင်ယူ နိုင်သည့် လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ် (Social Innovation Support Unit) ကို ၂၀၁၇ ခုနှစ် မှစတင်ပြီး ယခုအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ပညာရပ်ဆိုင်ရာသင်ရိုးများအပြင် လုပ်ငန်းခွင်အကျိုးပြုပညာရပ်များကို Extra Curriculum အနေဖြင့် ထည့်သွင်းလေ့ကျင့် သင်ကြားပေးလျက်ရှိရာ ဤတက္ကသိုလ်မှ ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အထကောင်းရှိပြီး ပညာပြည့်ဝနှလုံးလှသည့် နိုင်ငံ့အကျိုးပြုလူသား အရင်း အမြစ်များ ပေါ်ထွန်းလာမည်မှာ မလွဲဧကန်ဖြစ်ပေသည်။ ထို့အပြင် ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၏ အရည်အသွေး မြင့်မားရေးအတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ၊ အင်္ဂလိပ်စာနှင့် ICT ကျွမ်းကျင်မှုသင်တန်းများ၊ သုတေသနပြုစုခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားရေးဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ပေးရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ လှုပ်ရှားမှုအဖုံဖုံနှင့် သတင်းအချက်အလက် အစုံစုံကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် ရည်ရွယ်၍ ဤဘာသာရပ် ဆိုင်ရာ သတင်းအချက်အလက်များကို လွှင့်တင်ထားခြင်းဖြစ်ပါသည်။
ဒေါက်တာရီရီဝင်း
ပါမောက္ခချုပ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)
Tue, 13 January 2026