သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မိသားစု ကဆုန်ညောင်ရေသွန်းလောင်းခြင်း

  • Mon, 12 May 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မိသားစု ကဆုန်ညောင်ရေသွန်းလောင်းခြင်း


ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည်မြန်မာလူမျိုးတို့၏ဘာသာရေးနှင့်ယဉ်ကျေးမှုတို့အတွက် အရေးကြီးသောနေ့ဖြစ်ပြီး  ဗုဒ္ဓဘာသာ၏ အဓိပ္ပာယ်နှင့်တန်ဖိုးကိုပြသသော အထိမ်းအမှတ်နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသော ဗုဒ္ဓနေ့လည်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်တွင် ကဆုန်လပြည့်နေ့သည် မေလ ၁၁ ရက် (တနင်္ဂနွေနေ့) ဖြစ်ပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းဝန်းအတွင်းတွင်တည်ထားကိုးကွယ်သော သဗ္ဗဇယဆုတောင်းပြည့်အောင်စေတီတော်မြတ်ကြီး အတွင်းရှိ မဟာဗောဓိညောင်ပင်တွင် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား၊ စီမံ(ပါမောက္ခ၊ဌာနမှူး)များ၊ ဆရာ၊ဆရာမ၊ဝန်ထမ်းများသည်  ကဆုန်ညောင်ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ယူခဲ့ကြပါသည်။ ညောင်ရေသွန်းလောင်းရန်  လာရောက်ကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကိုလည်း တက္ကသိုလ်ဓမ္မာရုံတွင် မုန့်ဟင်းခါး ၊ အချိုရည်များဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြပါသည်။

ဆက်စပ် သတင်းများ