Warning: unlink(C:/Apache24/ucmt_storage/cache/cache.catalog.language.1774152639): No such file or directory in C:\Apache24\htdocs\ucmt\system\library\cache\file.php on line 68 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒုတိယအကြိမ်မြောက် “ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်းပွဲ” ကျင်းပ

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒုတိယအကြိမ်မြောက် “ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်းပွဲ” ကျင်းပ

  • Mon, 26 May 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒုတိယအကြိမ်မြောက် “ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်းပွဲ” ကျင်းပ


သန်လျင်၊ မေ ၂၃


သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ဒုတိယအကြိမ်မြောက် “ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းဆင်းပွဲ” ကို ၂၃-၅-၂၀၂၅ရက်(သောကြာနေ့)တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဒုတိယအကြိမ်မြောက် “ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဆင်းပွဲ” သို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ခေတ္တဌာနမှူး၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများ (၂၀၀) ဦးခန့်တက်ရောက် ခဲ့ကြပါသည်။ 


ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့တက္ကသိုလ်အနေဖြင့် ၂၀-၅-၂၀၂၅ ရက်နေ့ မှ ၂၃-၅-၂၀၂၅ ရက်နေ့အထိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကို ဒုတိယအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးဌာနအသီးသီးမှ သင်တန်းသား၊သင်တန်းသူ(၄၇)ဦး တက်ရောက်ခဲ့ကြောင်း၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအနေနှင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ ဥပဒေပြဌာန်းချက်များကို သိရှိနားလည်စေပြီး ဥပဒေအသိပညာများကို လက်တွေ့ လုပ်ငန်းခွင်တွင်လည်းကောင်း၊ လူမှုဘဝပတ်ဝန်းကျင်များတွင်လည်းကောင်း လေးစားလိုက်နာ အသုံးချရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်နှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒ များကို လေးစားလိုက်နာကြရန် နှင့် စောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည် ကြရန်လိုအပ်သကဲ့သို့ ဆရာ၊ ဆရာမများအနေနှင့်လည်း မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရမည့် သုတေသနလုပ်ငန်းများအတွက် မူပိုင်ခွင့်ဥပဒေများ နှင့်စပ်လျဉ်း၍ စနစ်တကျ လေ့လာသိရှိကြရန် လိုအပ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းတွင် ဆွေးနွေးပို့ချခဲ့သည်များကို လက်တွေ့လိုက်နာဆောင်ရွက်ရန်နှင့် တစ်ဦးတစ်ယောက်ချင်းအလိုက် ဥပဒေကို အသိစိတ်ဓာတ်ဖြင့် လေးစားလိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။


ဥပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲတွင် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဦးဆောင်သည့် ဆရာမများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဆက်သွယ်ရေးဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ