၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ကျောင်းသူတစ်ဦး ဒုတိယဆုရရှိ

  • Fri, 6 June 2025

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ ကောလိပ်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ကျောင်းသူတစ်ဦး ဒုတိယဆုရရှိ


သန်လျင် ဇွန် ၆


၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး- Ending Plastic Pollution” ခေါင်းစဉ်ဖြင့် တက္ကသိုလ်/ ကောလိပ် အဆင့် ဆောင်းပါးပြိုင်ပွဲသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ တတိယနှစ် (ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု) ကျောင်းသူ မဆုလဲ့သန္တာဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆုရရှိခဲ့ပြီး ၅-၆-၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဒုတိယဆု တက်ရောက်၍ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။



ဆက်စပ် သတင်းများ