သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၁၇) ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း

  • Fri, 25 July 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၁၇) ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကျင်းပခြင်း


သန်လျင်၊ ဇူလိုင် ၂၅


          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်၊ နံနက်(၉:၃၀)နာရီတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၊ ဘက်စုံသုံးခန်းမ၌ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍  မိမိတို့၏  မွန်မြတ်သောစိတ်စေတနာကိုအရင်းခံကာ ဘဝတစ်ခုရှင်သန်နိုင်ရေးအတွက် ကယ်တင်ပေးနိုင်ရန်နှင့်လူမှုအဖွဲ့အစည်းကို အကျိုးပြုနိုင်ရန်ရည်ရွယ်၍(၁၇)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။


စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့    သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲနာယက၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)နှင့် သင်ကြားစီမံဌာနများမှ  ပါမောက္ခ(ဌာနမှူး)များ၊  သင်ကြားရေးဌာနများမှ  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး   ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာ၊ဆရာဝန်များ၊ သူနာပြုများနှင့်  ဆေးဘက်ဆိုင်ရာအဖွဲ့များက သွေးပုလင်းများ လက်ခံပေးခဲ့ကြပါသည်။


အဆိုပါအခမ်းအနားတွင်ဆရာ၊ဆရာမများ၊ကျောင်းသား/ကျောင်းသူများနှင့်ဝန်ထမ်းများစုစုပေါင်း(၂၁၀) ဦးတို့က သွေးပုလင်းပေါင်း (၁၂၁)ပုလင်းကို လှူဒါန်းကြပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် စုပေါင်းသွေးလှူဒါန်းပွဲကိုပြုလုပ်ခဲ့ရာ  စုစုပေါင်း (၁၇)ကြိမ်တွင်  သွေးပုလင်းပေါင်း ( ၁၈၂၀) ပုလင်းကို လှူဒါန်းခဲ့ပြီး၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊  သမဝါယမပညာဌာနမှ လက်ထောက်ကထိက၊ ဒေါ်အိအိဖြိုးကငွေကျပ်(၂၇၅၀၀၀/-)ကျပ်တန်ဖိုးရှိသော  Healthcare (First Aid Kit) တစ်အိတ်ကို တက္ကသိုလ်ကြက်ခြေနီအသင်းခွဲသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်စပ် သတင်းများ