အိန္ဒိယနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် Gandhinagar မြို့၊ Rashtriya Raksha University of India တွင် ဖွင့်လှစ်မည့် “Programme on Fundamentals of International Law and Security” သင်တန်းသို့တက်ရောက်ခြင်း
- Tue, 29 July 2025
သန်လျင်၊ ဇူလိုင် ၂၇
အိန္ဒိယနိုင်ငံ၊ Ministry of External Affairs, ITEC အစီအစဉ်ဖြင့် Gandhinagar မြို့၊ Rashtriya Raksha University of India တွင် ၂၈-၇-၂၀၂၅ ရက်နေ့ မှ ၈-၈-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်မည့် “Programme on Fundamentals of International Law and Security” သင်တန်းသို့တက်ရောက်ရန် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဥပဒေပညာ ဌာနမှ ကထိက ဒေါ်နန်းသင်းသီရိမြတ်သူ သည် ၂၇-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Kolkata သို့ Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် ညနေ ၄:၀၀နာရီ တွင် ထွက်ခွာခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ဦးဆောင်၍ ဥပဒေပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာသိင်္ဂီညို နှင့် ဆရာမများ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။